လက်ထပ်လက်စွပ်မ၀တ်ပဲ နောက်ထပ်တစ်ဖန် လူအများအရှေ့ကို ထွက်ပြလာပြန်တဲ့ Song Hye Kyo

တာင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်စုံတွဲတွေထဲက တစ်တွဲအပါအ၀င်ဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့စုံတွဲဟာ နိုင်ငံတကာက K-Wave ကြိုက် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ရရှိထားတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။ ၂ ယောက်လုံးဟာ ထိပ်တန်းအနပညာရှင်တွေဖြစ်တာကြောင့် သတင်းထောက်တွေရဲ့ မျက်ခြေမပျက်စောင့်ကြည့်နေရခြင်းကို ခံနေရသူတွေဖြစ်ကြပြီး ပရိသတ်တွေဆိုရင်လည်း သူတို့ ၂ ယောက်နဲ့ ပတ်သတ်တဲ့သတင်းမှန်သမျှကို စိတ်ဝင်စားကြပါတယ်။

ဒါပေမယ့်လည်း သူတို့စုံတွဲဟာ လက်ထပ်ပြီးတဲ့နောက်ပိုင်းကစပြီး ၂ ယောက်အတူတူတွဲပြီး ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကို ပေါ်မလာတာကြောင့်ရော အိမ်ထောင်သက်တမ်း ၁ နှစ်ကျော်ပြီးတဲ့အချိန်ထိရော ရင်သွေးယူခြင်းမရှိတာကြောင့် ပရိသတ်တွေမှာ သူတို့စုံတွဲရဲ့ ဆက်ဆံရေးအခြေအနေကို သိချင်စိတ်ပြင်းပြနေခဲ့ကြပါတယ်။ ဒီလိုမျိုး ပရိသတ်တွေရဲ့ သိချင်စိတ်ကို ပြင်းပြခဲ့တဲ့အချိန်ကတော့ ပြီးခဲ့တဲ့လပိုင်းလောက်တုန်းက Song Hye Kyo တစ်ယောက် လက်ထပ်လက်စွပ်ကို မ၀တ်ဆင်ပဲ ပရိသတ်တွေ၊ သတင်းထောက်တွေရဲ့ အရှေ့ကို ထွက်ပေါ်လာတုန်းက ဖြစ်ပါတယ်။

ပွဲအခမ်းအနားပဲတတ်တတ်၊ လေဆိပ်ပဲဆင်းဆင်း ဘယ်လိုပုံစံမျိုးနဲ့ ပရိသတ်အရှေ့ကို ထွက်ပေါ်လာပြီဆိုရင် လက်ထပ်လက်စွပ်ကို မချွတ်တမ်းဝတ်ဆင်ထားတတ်တဲ့ Song Hye Kyo ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက လေဆိပ်ကိုရောက်ရှိလာတဲ့ ပုံတွေမှာ လက်ထပ်လက်စွပ်ကို မ၀တ်ထားတာကြောင့် ပရိသတ်တွေက သူမတို့ ၂ ယောက်ရဲ့ အိမ်ထောင်ရေးအဆင်မပြေဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့အတူ သံသယတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Song Joong Ki က သူတို့ရဲ့ အိမ်ထောင်ရေးအဆင်ပြေကြောင်းကို ပြန်လည်ဖြေရှင်းခဲ့တဲ့အတွက် ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုဟာ လျော့ကျသွားခဲ့ကြပါတယ်။ သို့ပေမယ့်လည်း သံသယစိတ်ကတော့ ရှိနေကြဆဲပါပဲ။

ပရိသတ်တွေရဲ့ သံသယစိတ်ကို ပိုမိုကြီးထွားစေတဲ့ ပုံတွေကတော့ ဒီနေ့မှာပဲ ထပ်မံပေါ်ထွက်လို့ လာပြန်ပါပြီ။ နိုင်ငံခြားခရီးစဉ်အတွက် လေဆိပ်ကိုရောက်ရှိလာတဲ့ Song Hye Kyo ရဲ့ ပုံတွေကို ကြည့်လိုက်ရင် လက်ထပ်လက်စွပ် မ၀တ်ထားတာကို အရှင်းမြင်တွေ့ရမှာပါ။ ဘယ်လိုအကြောင်းအရင်းကြောင့် မ၀တ်ထားလဲဆိုတာကိုတော့ မသိရပေမယ့် ဒါဟာ ပရိသတ်တွေရဲ့ စိုးရိမ်စိတ်ကို မြင့်စေတဲ့ပုံတွေပါပဲ။ တကယ်ပဲ အိမ်ထောင်ရေးအဆင်မပြေကြဘူးလား။ ဒါမှမဟုတ် မေ့ပြီးတော့ပဲ ၀တ်မလာမိတာလား အစသဖြင့်သော အတွေးတွေဟာ သူတို့ ၂ ယောက်ရဲ့ ပရိသတ်တွေ တွေးမိနေတဲ့ မေးခွန်းတွေပါပဲ။

သတင်းထောက်တွေကလည်း Song Hye Kyo တစ်ယောက် လက်ထပ်လက်စွပ်မ၀တ်တဲ့အကြောင်းကို ၂ ကြိမ်တိုင်တိုင် ခေါင်းစဉ်တင်ပြီး ဖော်ပြထားတာကြောင့် ပရိသတ်တွေကတော့ သတင်းထောက်တွေအနေနဲ့ တစ်ခုခုကို သိထားပြီး မဖော်ထုတ်သေးတာပဲဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ပရိသတ်တွေအများစုကတော့ Song Hye Kyo (ဒါမဟုတ်) Song Joong Ki က ပရိသတ်တွေ သိချင်နေတဲ့ မေးခွန်းတွေ၊ သံသယတွေကို ဖြေရှင်းပေးကြလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ပထမတစ်ခါ လက်စွပ်မ၀တ်ပဲ ပရိသတ်အရှေ့ကို ထွက်ပြလာတုန်းက ပွဲဆူစေခဲ့ဖူးတာမို့လို့ အခု နောက်ထပ်တစ်ဖန် ထွက်ပြလာခြင်းကတော့ စဉ်းစားစရာပါပဲနော်။crd,Ref : Koreaboo
Mia (Momolay)